
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၅.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံအရောင်းဆိုင်များတွင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာ အင်္ဂပူမြို့နယ်အတွင်း စတိုးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် CP ကြက်အူချောင်းများသာရောင်းချလျက်ရှိပြီး၊ CP ဝက်အူချောင်းများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ ထို CP ကြက်အူချောင်းအထုပ်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားပြီး၊ သက်ဆိုင်ရာ FDA ထောက်ခံချက်ရရှိထားကြောင်း၊ ကုန်ပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူရောင်းချပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)