စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့မှ ထွက်ရှိသောဖရဲသီးများ လှိုင်လှိုင်ပေါ်နေပြီး အဝယ်သွက်နေကြောင်းသိရှိရပါသည်။
“လက်ရှိဈေးကွက်အနေအထားကတော့ မုံရွာမြို့နယ် ဒေသထွက် ဖရဲသီးအကြီးတစ်လုံးကို ကျပ် ၁၀၀၀၊ အလတ်တစ်လုံးကို ကျပ် ၈၀၀ နှင့် အသေးတစ်လုံး ကျပ် ၅၀၀ ဝန်းကျင်ရောင်းရပါတယ်၊ ပြည်ပတရုတ်ကို တင်ပို့သောပွဲစားကုန်သည်များမှ မဝယ်ယူသေးသော်လည်း အညာဒေသမှာ အပူချိန် မြင့်မားလာသည့်အတွက် အဝယ်သွက်ပါတယ်” ဟု လက်ကားရောင်းသူတစ်ဦးမှ ပြောကြားပါသည်။
မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ ၁၀ ဘီးကား (၃)စီးဖြင့် တင်ပို့နေရကြောင်းသိရှိရပါသည်။
DOCA(စစ်ကိုင်း)