Main menu

ကောင်းဆက်မွန် အီဆိမ့် မုန့်လုပ်ငန်း

Powered by Drupal

             အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းတွေအနက် အဆာပြေအီဆိမ့်မုန့်လုပ်ငန်းသည် မိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့် အလမ်း ဖန်တီးနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်အောင် ကြိုးစားလုပ်ကိုင်နေတဲ့ ဒေသတွင်းတပိုင်တစ်နိုင်မုန့်လုပ်ငန်း တစ်ခုဖြစ်တယ်ဖြစ်ပြီး မုန့်လုပ်ငန်း ရောင်းဝယ်ဖြန့်ဖြူးထုတ်လုပ်မှု ကို လေ့လာခဲ့ကြသည်။

            ကောင်းဆက်မွန် အီဆိမ့်မုန့်လုပ်ငန်းသည် ၂၀၀၉ခုနှစ် ကတည်းက လုပ်ကိုင်ဆောင်ရွက်လာခြင်းဖြစ်သည်။ အီဆိမ့်မုန့်လုပ်ရာတွင် ဂျုံ၊ သကြား၊ ဆီ ဖြင့်လုပ်ကိုင်ဆောင်ရွက်ပြီး  ၁လလျှင် ၄ကြိမ် ထုတ်လုပ်ရကြောင်း၊ ဂျုံ၁အိတ်တွင် ၁ပိဿာ အထုတ် ၃၀ပါ ဒုံးပျံ တံဆိတ် ငွေကျပ် ၂၁၆၀၀၀ဖြင့် ဝယ်ရသည်။ သကြား ၁အိတ်တွင် အချိန် ၃၀နှင့် ၅၀သားပါ တစ်အိတ်လျှင် ၅၄၀၀၀ကျပ်၊ သကြား ၃အိတ်ကုန်ကျကြောင်းသိရသည်။ ပြုလုပ်ပုံမှာ ဂျုံကို နှဲ၍ အလုံးအနေတော် တစ်ထားကာ အပွခံပြီး နာရီဝက်အကြာတွင် ဆီဖြင့်ကျော်ရသည်။ သကြားကို ကျိုထား၍ ဂျုံကိုနှစ်ကာ အအေးခံပြီး အိတ်သွပ်ရသည်။ ပါကင် ၁အိတ်လျှင် အီဆိမ့် ၄ခုပါ တစ်ထုတ်၊ လက်ကားဈေး ၁၄၅၀ကျပ်၊ အီဆိမ့် ၅လုံးထုတ် တစ်ထုတ်လျှင် ငွေကျပ် ၉၅၀ကျပ်၊ အီဆိမ့် မုန့်လက်ကောက်ကွင်း ၁ခု တစ်ထုတ်လျှင် ၄၀၀ကျပ် လက်ကား ဈေးပေးဖြင့် ရောင်းချရသည်။ ၁ကြိမ် ထုတ်လုပ်ပါက အီဆိမ့် ၄လုံးထုတ် ၆၄၀ ထုတ်၊ အီဆိမ့် ၅လုံးထုတ် ၁၀၀၀ထုတ်၊ အီဆိမ့် ၁လုံးထုတ် ၂၆၀၀ထုတ် ထွက်ရှိကြောင်းသိရသည်။ အီဆိမ့် ပါကင်ထုတ်အိတ်မ‌ေားသည် ပန်းအိတ်များဖြင့် ထုတ်လုပ်ကြောင်း ပန်းအျတိ ၁အိတ်လျှင် အိတ် ၈၀၀ပါ ငွေကျပ် ၅၂၀၀၀ကျပ်၊ အိတ်အကြည် ၃၃၀၀ပါ ငွေကျပ် ၄၄၀၀၀ကျပ်၊ ပန်းဆွဲအိတ် ၁၇၀၀အိတ်ပါ ၅၂၀၀၀ကျပ် ဖြင့် သုံးမျိုးဝယ်ယူရကြောင်း  ကုန်ကျစရိတ်အနေဖြင့် တစ်ခါထုတ်ပါက ၁၀၃၅၀၀၀ကျပ် ကုန်ကျကြောင်း သိရသည်။ အကျိုးအမြတ်အနေဖြင့် ၁၈၈၃၀၀၀ /-ကျပ် ရရှိပါသည်။ ရောင်းချမှုအနေဖြင့် ဖျာပုံ၊ ကျိုတ်လပ်၊ မော်ကျွန်းမြို့နှင့် မအူပင်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချပြီး ဒေသတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် ဒေသထွက်ကုန် မုန့်လုပ်ငန်းဖွဲ့ဖြိုးတိုးတက်ရေး ကိုဦးစားပေးလုပ်ကိုင်လျက်ရှိပြီး အဆာပြေအီဆိမ့်မုန့်ကို လူမျိုးဘာသာမရွေးစားသုံးနိုင်ကြောင်း လုပ်ငန်းရှင်ပြောပြချက်အရ သိရှိရပါသည်။

 

DOCA (ဧရာဝတီ)