Main menu

နွေဥတုနှင့် ဒေသတွင်းရာသီစာကြံရည်ဆိုင်ငယ်များဝင်ငွေတိုးလျက်ရှိ

Powered by Drupal

          မြန်မာနိုင်ငံတွင် ဥတုရာသီ(၃)မျိုးရှိရာ ယခုကာလသည် ရော်ရွက်ဝါများမြေသို့ခကာ ကံ့ကော် ပွင့်လေးများဖူးပွင့်ဝေဆာပြီး ဥသြငှက်ငယ်လေးများ လွမ်းဆွတ်ဖွယ်တွန်ကြူးသည့် ခြောက်သွေ့လှ သော နွေဥတုဖြစ်ပြီး ‌နွေရောက်ပြီဆိုလျှင် မြန်မာနိုင်ငံဒေသတွင်းနေရာအနှံ့အပြားတွင် ကြံရည် ဆိုင် ငယ်လေးများကို တစ်ပိုင်တစ်နိုင်ဖွင့်လှစ်ကြကာ မိသားစုဝင်ငွေများတိုးပွားလျက်ရှိပါသည်။

          တနင်္သာရီတိုင်းဒေသကြီး၏ နေရာအနှံ့အပြားတွင်လည်း နွေပူပူတွင် ရင်ကိုအေးစေသည့် သံပရာသီးအနည်းငယ်ညှစ်ထားသည့် ကြံရည်ချိုချိုများကိုရောင်းချလျက်ရှိပါသည်။ ကြံရည်သည် နွေဥတု၏ အပူဒဏ်ကိုကာကွယ်ရန် အဟာရဓါတ်များစွာပါဝင်သဖြင့် သဘာဝကပေးသော ဖျော်ရည် တစ်ခုပင်ဖြစ်ပါသည်။ ထားဝယ်မြို့နှင့်အနီးကျေးရွာများတွင် ကြံပင်များကိုစိုက်ပျိုးလျက်ရှိပြီး ထိုမှ ထွက်ရှိသော ကြံချောင်းများအား ဒေသတွင်း အအေးဆိုင်များ၊ စားသောက်ဆိုင်များနှင့် မိသားစု တစ်နိုင်တစ်ပိုင်ကြံရည်ဆိုင်ငယ်လေးများမှဝယ်ယူကာ လက်လှည့်ကြိတ်စက်ဖြင့်သော်လည်းကောင်း

၊ လျှပ်စစ်‌မော်တာကြိတ်စက်များဖြင့်လည်‌ကောင်း ကြံရည်ရရှိအောင်လတ်ဆတ်စွာ ကြိတ်ယူပြီး တစ်ခွက်လျှင် ၁၅၀၀ ကျပ်နှုန်းဖြင့်ရောင်းချကာ ဝင်ငွေများတိုးပွားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)