
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် မြန်မာပြည်တောင်ဘက်ပိုင်း၊ ပင်လယ်ကမ်းရိုး တန်းတွင် တည်ရှိသော တိုင်းဒေသကြီး၏မြို့တော်ဖြစ်ပါသည်။ လောင်းလုံမြို့နယ်အတွင်းရှိ ပင်လယ် ကမ်းစပ်ကျေးရွာများဖြစ်သော မောင်းမကန်၊ သဘော့ဆိပ်၊ ပန်းတင်အင်း၊ တီဇစ်၊ စမ်းလှမ်း စသော ကျေးရွားများမှ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် ငါးဖမ်းလှေငယ်များမှ ဖမ်းယူ ရရှိသော ပင်လယ်ထွက်ငါးအမျိုးမျိုးအား ထားဝယ်မြစ်အတွင်းမှ လှေများဖြင့် ဖြစ်စေ၊ ကုန်းလမ်းမှ ကားဖြင့်ဖြစ်စေ သယ်ယူ၍ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်အနီးရှိ အောင်တံခွန် ပုဂ္ဂလိက ကိုယ်ပိုင် ငါး ဈေးသို့ လာရောက်ရောင်းချကြပါသည်။
အဆိုပါငါးစျေးတွင် ရောင်းချလျက်ရှိသော ငါးအမျိုးမျိုးတွင် ဒေသတွင်းစားသုံးမှုများပြားသော ရွှေငါး(ခေါ်) ငါးနီအကောင်သေး တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ အကောင်ကြီး တစ်ပိဿာ လျှင် (၅၅၀၀-၆၀၀၀) ကျပ်၊ ပလာတူးအကြီးတစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးအုန်းသီး တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်၊ ကင်းမွန်အနေတော်ဆိုဒ် တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်ဖြင့် အသီးသီးရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)