Main menu

ထားဝယ်မြို့ရှိ ငှက်ပျောသီး စျေးနှုန်း/စျေးကွက်

Powered by Drupal

          ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံအပြားတွင် ပေါက်‌ရောက်ပြီး စိုက်ပျိုးရန်အလွန်လွယ်ကူ သောအပင်တစ်မျိုးဖြစ်သည်။ နှစ်ရှည်သီးနှံများနှင့် ရာသီ‌ပေါ်သီးနှံစိုက်ပျိုးသူ‌တောင်သူများအနေဖြင့် ငှက်ပျောပင်များစိုက်ပျိုးခြင်းဖြင့် များစွာဝင်‌ငွရရှိနေပါသည်။ ငှက်ပျောပင်သည် အပင်ရောအသီးပါ အလွန်အသုံးဝင်သောသီးနှံဖြစ်ပါသည်။

          မြန်မာနိုင်ငံအနေဖြင့်လည်း တစ်ရှူးငှက်ပျောများအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး နိုင်ငံခြားဝင်ငွေများ ရရှိနေပြီဖြစ်ပါသည်။ယခုလရာသီသည် ပူပြင်းသောနွေရာသီ‌သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် ငှက်ပျောသီး စိုက်ပျိုးသူများနှင့်ရောင်းချသူများပါ ဝင်ငွေအားကောင်းလျက် ရှိပါ သည်။ ငှက်ပျောသီးတွင် တစ်ရှူး၊ သီးမွှေး၊ ဖီးကြမ်း၊ ရခိုင်နှင့်‌‌ရွှေငှက်ပျောဟူ၍ အမျိုးအစားပေါင်း များစွာရှိပါသည်။ ထားဝယ်မြို့တွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ယခုမတ်လ ဒုတိယအပတ် အတွင်း သီးမွှေးတစ်ဖီးလျှင် (၅၀၀၀)ကျပ်၊ ဖီးကြမ်းတစ်ဖီးလျှင်(၃၅၀၀)ကျပ်ရှိကြောင်း သီးနှံရောင်းချ သူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)