
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့မတ်လ ဒုတိယအပတ်အတွင်း ထားဝယ်မြို့ရှိ ကမ်းနားပျံကျ စျေးနှင့်အခြားရပ်ကွက်ကျေးရွာများရှိ စျေးများတွင် ရောင်းချနေသောစျေးနှုန်းများအရ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်အထိရှိပြီး ယခင်လ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။
ဝက်သားစျေးနှုန်းများတည်ငြိမ်နေခြင်းမှာ ဝက်စာစျေးနှုန်းနှင့်မွေးမြူရေးစရိတ်များ အနည်းငယ် ကျဆင်းနေခြင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း ဒေသတွင်းကုန်စျေးနှုန်းများတည်ငြိမ်မှန်ကန်မှု ရှိစေရေးတို့အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းတို့ ကြောင့် ဝက်သားစျေးနှုန်းများအနည်းငယ်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)