Main menu

ရာသီပေါ်ပဒတ်စာစျေးကွက်

Powered by Drupal

              ပဒတ်စာပင်များသည် အပွင့်ဖြူ၍ ဝတ်ဆံဝါပြီး မြေတွင်ကပ်ပေါက်သည့် ဟင်းလျာပင်တစ်မျိုး ဖြစ်ပါသည်။ ၎င်းမှာ တောတောင်များ၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်ဖြစ်သည်။  ပဒတ် စာပွင့်များကို လူအများ နှစ်ခြိုက်စွာစားသုံးသောကြောင့် ယခုကဲ့သို့သောအချိန်ရောက်လျှင် ဒေသနေ ပြည်သူအများစုသည် မိမိတို့ ကျေးရွာအနီးရှိ တောတောင်များတွင် လိုက်လံခူးဆွတ်ရောင်းချလျက်ရှိပြီး ရာသီစာပဒတ်စာများ ပေါ်ဦးပေါ်ဖျားပေါ် ချိန်ဖြစ်၍ စျေးကောင်းလည်းရရှိဖြင့်  မိသားစုဝင်ငွေတိုးကား စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်းသိရပါသည်။

              ထားဝယ်မြို့ပေါ်တွင်လည်း ပေါ်ဦးပေါ်ဖျားပဒတ်စာပင်များကို ဒေသနေပြည်သူအများ နှစ် ခြိုက်စွာစားသုံးကြကြောင်း၊ ချဥ်ပေါင်ရွက်၊မန်ကျည်ရွက်၊ ကင်ပွန်ချဥ်ရွက်နှင့်ဘူးသီးစသည့် သီးနှံများဖြင့် တွဲဖက်၍ အရည်သောက်ဟင်းရည်နှင့် အခြားအသားဟင်း၊ ငါးဟင်း၊ ပုဇွန်ဟင်း စသည့်တို့ဖြင့် တွဲဖက်၍ စားသုံးနိုင်ပါသည်။ ပဒတ်စာပွင့်(၂)ပွင့်ပါ (၁)စည်းလျှင် ကျပ်(၄၀၀)နှုန်းဖြင့် ရောင်းချလျက်ရှိပြီး စျေး ကောင်းရရှိသဖြင့် ခူးဆွတ်ရောင်းချသူများယခင်နှစ် ထက်ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)