Main menu

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ မန်ကျည်းဖျော်ရည် ဈေးနှုန်း

Powered by Drupal

ယခုလိုနွေဦးပေါက်ရာသီတွင် သစ်ပင်ကြီးများ၏ အရိပ်အောက်တွင် အအေးဆိုင်၊ နွေရာသီစာ ကြံရည်နှင့် သစ်သီးမျိုးစုံဖျော်ရည်အရောင်းဆိုင်များကို ဝယ်ယူစားသောက်သူများနှင့် စည်ကား၍ တွေ့မြင်ရမည်ဖြစ်ပါသည်။ ၎င်းအပင်များ၏ အရိပ်အောက်တွင် သစ်သီးမျိုးစုံ ဖျော်ရည်များအနက် နေပူပူဒီရာသီနှင့် အလိုက်ဖက်ဆုံးဖျော်ရည်မှာ မန်ကျည်းဖျော်ရည်ဖြစ်ပါသည်။

သဘာဝမန်ကျည်းဖျော်ရည်လုပ်ရန် အတွက် မြေရေအိုးသစ်တစ်လုံးတွင် ရေမပြည့်တစ်ပြည့် ထည့်ပြီး မန်ကျည်းသီး၊ ထန်းလျက်၊ ဆား အနည်းငယ်တို့ဖြင့် မွှေနှောက်ဖျော်ထားရပါသည်။ ၎င်းမန်ကျည်း ဖျော်ရည်အိုး နှုတ်ခမ်းပတ်လည် တွင် သစ်ကြီးရွက်၊ ကုက္ကိုလ်ရွက်ကလေးများဖြင့် ကာစည်းထား ပါသည်။ ၎င်းမန်ကျည်းဖျော်ရည် အိုးကို မြင်ရရုံဖြင့် သောက်ချင်စိတ်ကို အလိုလိုဖြစ်ပေါ်စေပါသည်။ မန်ကျည်းဖျော်ရည်သောက် သုံးခြင်းဖြင့် ဝမ်းတွင်းအေးစေပါသည်။ ဖျော်ရည်တစ်ခွက်လျှင်(၁၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းဖျော်ရည် ရောင်းချသူ ထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)