
ကတက်ပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသည်။ ကတက်ပင်မှာ အပင်မြင့်မျိုး ဖြစ်၍ အမြင့်ပေ ၃၀ ခန့်ရှိပြီး ပင်စည်လုံးပတ်မှာ ၃ ပေမှ ၅ ပေအထိရှိသော ပင်လတ်မျိုးဖြစ်သည်။ ကတက်ပင်သည် နွေရာသီတွင် အရွက်ကြွေကျပြီး ဆင်စွယ်ရောင်အပွင့်များ ပွင့်၍ အသီးမှာဝမ်းဘဲဥ အကြီးစားခန့်ရှိသည်။ အခွံတွင် အပြောက်အပိမ့်များရှိသည့် သဘာဝအလျောက်ပေါက်ရောက်သော အပင်မျိုးဖြစ်ပါသည်။
ကတက်ကို ဆေးဝါးများအဖြစ်အသုံးပြုသည့် အပြင်အစားအစာအဖြစ် အချဉ်တည်၍ စားသုံး ကြပြီး လူတိုင်းကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပါသည်။ အချဉ်တည်ထားသည့် ကတက်ရွက် များ ကိုသုပ်စား၍သော်လည်းကောင်း၊ အတို့အမြှုပ်အဖြစ်လည်းကောင်း၊ ငါး/ဝက်သား/အမဲသား/ ကြက်သား များဖြင့် ရောနှောချက်ပြုတ်၍လည်းကောင်း၊ ထမင်းဆိုင်များတွင် ဟင်းအမယ်များ အဖြစ်လည်းကောင်း ရောင်းချခြင်းတို့ကြောင့် အဈေးကွက်အတွင်း ရောင်းအားကောင်းလျက်ရှိ ကြောင်းသိရှိရပါသည်။
ထားဝယ်မြို့ စည်ပင်သာယာဈေးနှင့် ကမ်းနားဈေး ကုန်စိမ်းဈေးတန်းများတွင် ဆေးဘက် ဝင်ကတက်ရွက်များကို အရွက်စိမ်းအလိုက်လည်းကောင်း၊ အချဉ်တည်၍လည်းကောင်း ရောင်းချ ကြောင်းတွေ့ရှိရပါသည်။ ကတက်အချဉ်တည်ရွက်များကို အစည်းလိုက်ရောင်းချလျက်ရှိပြီး တစ် စည်းလျှင်(၅၀ဝိ)ကျပ်မှ(၆၀ဝိ)ကျပ်ဖြင့် ရောင်းချလျက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)