Main menu

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့ရှိ မရမ်းသီးမှည့် ဈေးနှုန်း

Powered by Drupal

ထားဝယ်မြို့၊ ရပ်ကွက်ဈေးနှင့် စည်ပင်ဈေးတို့တွင် ဒေသတွင်းစိုက်ပျိုးသူများမှ ပေါ်ဦးပေါ် ဖျားမရမ်းသီးမှည့်များ လာရောက်  ရောင်းချနေပါသည်။ မရမ်းသီးကိုဒေသခံပြည်သူများအနေဖြင့် မိမိတို့ခြံမြေအလွတ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများထဲတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှော၍လည်းကောင်း စိုက်ပျိုးကြပါသည်။

         ပေါ်ဦးပေါ်ဖျားမရမ်းသီးမှည့်များကို ဆားရည်စိမ်ခြင်း၊ ဆေးသကြားဖြင့် အချိုစိမ်ခြင်း၊ ပါးပါး လှီးလှီးပြီးသုပ်စားခြင်း၊ချက်စားခြင်း၊သကြား (သို့မဟုတ်)ထန်းလျက်တို့ဖြင့် ယိုပြုလုပ်၍ မိမိတို့ ကြိုက်နှစ်သက်ရာ အမျိုးမျိုးစားသုံးနိုင်ပါသည်။

          မရမ်းသီးမှည့်ဈေးနှုန်းအနေဖြင့် ၁၀ လုံးလျှင် ၁၀၀၀ ကျပ်ဖြင့်ရောင်းချရာ ပေါ်ဦးပေါ်ဖျား ဖြစ်သည့်အတွက် ရောင်းအားကောင်းကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)