
မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။
ယခုအခါ ထားဝယ်မြို့အတွင်း မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး စည်ပင်သာ ယာဈေးနှင့်ရပ်ကွက်ဈေးငယ်များ သို့လာရောက်ရောင်းချကြောင်း၊ မေမြို့ပန်း(၄)ပင်ပါ တစ်စည်း လျှင်(၂၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ လူကြိုက်များသောပန်းဖြစ်သည့်အတွက် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)