
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နေရာအနှံ့အပြားတွင် မန်ကျည်းပင်များ အလေ့ကျ ပေါက်ရောက်ကြောင်း၊ ကန့်ဘလူမြို့နယ်တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် များမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းသီးမှည့်တွင် အစေ့ပါမန်ကျည်းသီးမှည့်နှင့် အစေ့လွတ်မန်ကျည်းသီးမှည့်ဟူ၍ နှစ်မျိုးရှိပြီး ဈေးကွက်အတွင်း အစေ့လွတ်မန်ကျည်းသီးမှည့်များ ကိုလူကြိုက်များ၍ အရောင်းအဝယ်ပိုဖြစ်ကြောင်း၊ မန်ကျည်းသီးမှည့်များကို အကြောသင်ခြင်း၊ ထုခြင်း၊ အစေ့အသားခွဲခြားခြင်းတို့ ဆောင်ရွက်ရသည့်အတွက် အစေ့ပါမန်ကျည်းသီးမှည့်ထက် ဈေးပိုရကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ မန်ကျည်းသီးမှည့်ကို ဝယ်ယူသည့်ပွဲရုံမရှိဘဲ ဒေသတွင်းရှိ အကြော်ဆိုင် များ၊ အကင်ဆိုင်များနှင့် စားသောက်ဆိုင်များမှ မန်ကျည်းမှည့်ဆော့ပြုလုပ်ရန် ဝယ်ယူကြကြောင်း၊ အဖျော်ရည်ဆိုင်များကလည်း အသုံးပြုကြောင်း၊ မတ်လ ဒုတိယပတ်အတွင်း အစေ့လွတ်မန်ကျည်း သီးမှည့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ (၅၀)ကျပ်သားလျှင် ၆၅၀၀ကျပ်၊ အစေ့ပါမန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ၃၀၀၀မှ ၄၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း မန်ကျည်းသီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။
DOCA(စစ်ကိုင်း)