Main menu

ကန့်ဘလူမြို့၏ မုန့်လက်ဆောင်းဈေးနှုန်းဈေးကွက်

Powered by Drupal

          မုန့်လက်ဆောင်းသည် တစ်နှစ်ပတ်လုံးရနိုင်သည်ဟုဆိုသော်လည်း ယခုလို ဆောင်းအကုန် နွေအကူးခါနီး ကာလသို့ရောက်လျှင် မုန့်လက်ဆောင်းများ ရောင်းအားကောင်းလာသည်ကို တွေ့ရ ပါသည်။ မုန့်လက်ဆောင်းသည် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုနဲ့ အလိုက်ဖက်ဆုံး မုန့်တစ်မျိုး ဖြစ်သလို သောက်လိုက်ရင်လည်း ရင်ထဲအေးပြီး  အမောပြေသွားသလို ခံစားရပါသည်။

          မုန့်လက်ဆောင်းကို ထန်းလျက်၊ ဆား၊  မုန့်ဖတ်၊ သကြား၊ အုန်းသီး၊ နှမ်းလှော်ထောင်း၊  ရေခဲတို့ဖြင့်ပြုလုပ်ရကြောင်း၊ ယခုအခါ မုန့်လက်ဆောင်းကို အထမ်းများဖြင့်လှည့်ပြီး ရောင်းချကြ သလို လမ်းဘေးတွင်ဈေးဆိုင်များဖြင့် လည်းရောင်းချကြကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် မုန့်လက်ဆောင်းခွက်အသေး(၁)ခွက်လျှင်(၅၀၀)ကျပ်နှင့် မုန့်လက်ဆောင်းခွက် အကြီး(၁)ခွက်လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ ကုန်ကျစရိတ်မများသဖြင့် မုန့်လက် ဆောင်းရောင်းချသူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)