
ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံ ကိုလည်းစိုက်ပျိုးကြကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ယခုအခါ နှမ်းဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ် တင်းလျှင်(၂၁၅၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် ခဲ့ပြီး မတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၁၉၂၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်) တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့် ယခုပတ်အတွင်း နှမ်းဈေး နှုန်းများ ဆက်လက်ကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။
DOCA(စစ်ကိုင်း)