
မန္တလေးကုန်စိမ်းစျေးကွက်သို့ ပဲစိမ်းအစိုစျေးကွက်တွင်ထောပတ်ပဲစိမ်း၊ပဲကြီးအစို၊ စားတော် ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ နွေပဲသီးများ မတ်လဒုတိယပတ်အတွင်း ဝင်ရောက်မှုများပြား လျက်ရှိပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက်သည့် ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှုများပြီး၊ ကျန်ဒေသ များမှလည်းဝင်ရောက်ကြောင်းသိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လဒုတိယပတ်အတွင်း ကုန်စိမ်းသီးနှံပဲ အစိုမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေးတစ်ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ကျပ်တို့ဖြင့် အရောင်း သွက်လျက်ရှိကြောင်း သိရပါတယ်။ သီရိမာလာစျေးအတွင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလဒုတိယပတ် အတွင်း ပဲစိမ်းအစိုမျိုးစုံ အပါအဝင် ကုန်စိမ်း သီးနှံဝင်ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရ ပါတယ်။
DOCA(မန္တလေး)