Main menu

သခွားသီးဈေးကွက်

Powered by Drupal

သခွားသီးကို အအေးပိုင်းဒေသများတွင် အစိုက်များပြီး မန္တလေးမြို့သို့ ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ အဝင်များပြီး ရာသီမရွေးထွက်ရှိကြောင်း သတင်းရရှိပါတယ်။  မန္တလေးဈေးကွက်အနေဖြင့် ၄၁လမ်း၊ ကမ်းနားလမ်း၊ ကုန်စိမ်းဈေးရှိ ဈေးနှုန်းပေါက်ဈေးမှာ ၂၀၂၅ခုနှစ် မတ်လ ဒုတိယပတ်တွင် သခွားသီးစက်တွန့်မျိုး အလုံးကြီး လက်ကား တစ်လုံး လျင်(၁၀၀ဝိ/-)မှ(၁၂၀ဝိ/-)ထိ၊ လက်လီတစ်လုံးလျင် (၁၀၀ဝိ/-)မှ(၁၂၀ဝိ/-)ထိ ရောင်းချကြပြီး၊ သခွားသီး အခွံစိမ်းမျိုး အလုံးလှ လက်ကား တစ်လုံးလျင်(၂၀ဝိ/-)မှ (၂၅ဝိ/-)ထိ၊ လက်လီ တစ်လုံးလျင် (၃၀ဝိ/-)မှ (၃၅ဝိ/-)ထိ ရောင်းချကြပြီး အသီးဝင်ရောက်မှု အပေါ်မူတည်ပြီး ဈေးနှုန်းပြောင်းလဲမှုရှိ ကြောင်းသိရှိကြောင်း ဈေးရောင်းချသူ တစ်ဦးထံမှ သိရှိရပါတယ်။

သခွားသီးကို အလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်လည်း စားသုံးကြ ကြောင်းသိရှိရပါတယ်။ သခွားသီးသည် ကစီဓါတ်၊ အသားဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင်စီ၊ ဗီတာမင်ကေ၊ မဂ္ဂနီဆီယမ်ဓါတ်၊ ပိုတက်စီယမ်ဓါတ် ကြွယ်ဝစွာပါဝင်ခြင်း၊ သွေးတွင်းသကြားဓါတ်ကို ကျစေခြင်း၊ အမျှင်ဓါတ်နှင့်ရေဓါတ်ပါဝင်ခြင်းတို့ကြောင့် အစာကြေစေပြီး ဆီးနှင့်ဝမ်းကိုမှန်စေခြင်း တို့ကြောင့် ကျန်းမာရေးအတွက် စားသုံးရန်အတွက် အထူးသင့်လျှော်ကြောင်း လေ့လာသိရှိရပါတယ်။ အသားအရေကို အေးမြစေပြီး ဘတ်တီးရီးယားပိုးမွှားများကို သေစေနိုင်ခြင်း၊ ဝက်ခြံနဲ့ အဖုအပိမ့်များ၊ ချွေးပေါက်ကျယ်ခြင်းများကို သက်သာစေပြီး နေလောင်ဒဏ် ကာကွယ်ပေးခြင်း တို့ကြောင့် အလှအပထိန်းသိမ်းတဲ့ နေရာမှာ အသုံးများသည့် သခွားသီးကို ကလေးလူကြီးမရွေး စားသုံးကြကြောင်း လေ့လာသိရှိရပါတယ်။        

DOCA(မန္တလေး)