Main menu

ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေး

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသောလုပ်ငန်းရှင်များအား မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန်အခြေခံလိုအပ်ချက်များအပါအဝင် ရောင်းချခြင်း၊ ဝယ်ယူခြင်းဆိုင်ရာ အခြားသိကောင်းစရာများအား သိရှိစေရန်ရည်ရွယ်၍ (၆.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်၌ ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံးတွင် စီးပွားရေးလုပ်ငန်းရှင်(၁၅)ဦးအား တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက အွန်းလိုင်းစနစ်ဖြင့် ရောင်းချသည့် မည်သူမဆို Online Registration မှတ်ပုံတင်ထားရန်လိုအပ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင် များအား မိမိတို့ရောင်းချသည့် အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်၊ ဖန်စီပစ္စည်းများရောင်းချနေမှုအပေါ် မှတ်ပုံတင်လျှောက်ထားရန်အတွက် လျှောက်ထားရန် အခြေခံလို အပ်ချက်များ အပါအဝင်အခြားသိကောင်းစရာများ၊ Online Sale ရောင်းချနေသော  လုပ်ငန်းများမှ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် စားသုံးသူများအနေဖြင့်လည်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုမှ ကုန်စည်အမျိုးမျိုးကို ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး၊ အာမခံချက်များရရှိမည်ဖြစ်ပြီး စားသုံးသူအခွင့် အရေးများလည်းရရှိမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကိုလည်း မြန်မာဘာသာ ဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြရန်အသိပညာပေးပြီး၊ တိုင်ကြားနိုင်သည့်နေရာများနှင့် တိုင်ကြားသူများ အကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)