Main menu

ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့် စတိုးဆိုင်းများတွင် စားသုံးရန်မသင့် အစားအစာများ ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍(၇.၃.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ကလေးပစ္စည်းအရောင်းဆိုင်၊ ကုန်စုံဆိုင်နှင့် စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးအဟာရမှုန့်နှင့် အသင့်စားမုန့်အမျိုးမျိုး ရောင်းချနေသည့်ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး၊ စားသုံးသူ အခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေး၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)