Main menu

ပခုက္ကူ သကြားပြောင်းဖူးဈေးကွက်

Powered by Drupal

             သကြားပြောင်းဖူးသည် လူကြိုက်များသော သီးနှံတစ်မျိုးဖြစ်သည်။ ပြောင်းဖူးကို သရေစာအဖြစ် အမယ်မျိုးစုံ ပြုလုပ်စားသောက်ကြ၍ ဝယ်ယူစားသုံးမှုများပြီး ဈေးကွက်ခိုင်မာခြင်းရှိ၍ ရာသီအလိုက် သီးထပ်စိုက်ပျိုးလျက်ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ကုန်စိမ်းသီးနှံ ဈေးကွက်သို့လည်း သကြားပြောင်းဖူး စိုက်ပျိုးမှုများသော ပခုက္ကူကျွန်းကျေးရွာများဖြစ်သော ကျွန်းဦး၊ ကျွန်းညို၊ ကျွန်းညိုကြီး၊ ကျွန်းညိုကြီးရွာသစ်၊ ကံလှ၊ နန်းတော်ရပ်၊ တင်းဂတ်၊ ဘောလုံးခုံ၊ လိပ်ကုန်း ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့များမှ ဝင်ရောက်မှုအပြင် အခြားမြို့နယ်များဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အထက်ညဉ့်၊ အောက်ညဉ့်ကျေးရွာများမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ မတ်လ(ဒုတိယပတ်)တွင် ဈေးကွက်သို့ သကြားပြောင်းဖူးများ ဝင်ရောက်မှုများပြီး ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရှိရသည်။

           သကြားပြောင်းဖူးဈေးနှုန်းများအနေဖြင့် ၂၀၂၅ ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ပြောင်းဖူး အရွယ်အစား၊ အစေ့ အကြီးအသေး အောင်မြင်မှုနှင့် သီးနှံလတ်ဆတ်မှုအပေါ်မူတည်ပြီး တစ်ဖူးလျှင် လက်ကား ဈေး ကျပ်(၂၀၀ - ၂၅၀)၊ လက်လီဈေး တစ်ဖူးလျှင် ကျပ်(၃၀၀ - ၄၀၀) အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဖေဖော်ဝါရီ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက သကြားပြောင်းဖူး တစ်ဖူးလျှင် ကျပ်(၁၀၀)ခန့် ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ခင်းများမှ သီးနှံမျိုးစုံ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ဈေးအနည်းငယ်ကျဆင်းကြောင်း၊ ကျန်းမာရေးနှင့် ညီညွှတ်သော သီးနှံတစ်မျိုးဖြစ်၍  ဝယ်ယူစားသုံးမှုမြင့်မားခြင်းကြောင့် နေ့စဉ်အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ မြို့ပေါ်ရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အကြော်ဆိုင်များ၊ အသုပ်ဆိုင်များမှ ဝယ်ယူမှုများကြောင်း သိရှိရသည်။

DOCA(မကွေး)