
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ဈေးနှုန်းများအနေဖြင့်၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်ဥများ ဈေးအနည်းငယ် မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၃၈၀၀၊ ၄၀၀၀၊ ၄၂၀၀)ဈေးရှိပြီး တစ်ပိဿာလျှင် ကျပ်(၁၀၃၀၀)၊ ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)တွင် ကြက်ဥတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ(ဒုတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်ဥတစ်ပိဿာလျှင် ကျပ်(၃၀၀)ခန့် ဈေးမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ သယ်ယူစရိတ် ကြီးမြင့်၍ ဈေးအနည်းငယ်မြင့်တက်ကြောင်း သိရှိရသည်။
ကြက်ဥသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်ခြင်းအပြင် စားသောက်ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်းကြောင့် အရောင်းအဝယ် သွက်ကြောင်း ကြက်ဥ ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)