Main menu

ပခုက္ကူမြို့ မုန်လာဥ(ဖြူ)ဈေးနှုန်းအခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အမှတ်(၁)မြို့မဈေးနှင့် ပန်းခြံဈေးရှိ ကုန်စိမ်းသီးနှံဈေးကွက်တွင် စားသုံးသူတို့၏ အခြေခံစားကုန်တစ်မျိုးဖြစ်သော ဆောင်းသီးနှံ မုန်လာဥ (ဖြူ)များလည်း နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ကုန်စိမ်းသီးနှံ မုန်လာဥ(ဖြူ) စိုက်ပျိုးမှုကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ မြစ်ခြေ၊ ကမ္မ မြို့နယ်များ၌ ပခုက္ကူကျွန်းကျေးရွာ များဖြစ်သည့် ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများတွင် အများဆုံး စိုက်ပျိုးပြီး ယခုအချိန် ဒေသထွက် ကုန်စိမ်းသီးနှံများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်၍ ပခုက္ကူဈေးကွက်သို့ မုန်လာဥ(ဖြူ)များ ဈေးကွက်သို့ သီးနှံဝင်ရောက်မှုများပြီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

           ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမ)ပတ်တွင် မုန်လာဥ(ဖြူ)အကြီးအသေးနှင့် သီးနှံ လတ်ဆတ် မှုပေါ် မူတည်၍ ဈေးနှုန်းမတူညီကြောင်း၊ မုန်လာဥဖြူ(ဥကြီး)(၃)လုံးပါ တစ်စည်းလျှင် ကျပ်(၁၀၀၀) ပေါက်ဈေးရှိပြီး မုန်လာဥဖြူ(ဥကြီး)တစ်ဥလျှင် ကျပ်(၄၀၀)၊ ယခင်ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် မုန်လာဥ(ဖြူ)ဥကြီး(၃)လုံးပါ တစ်စည်းလျှင် ကျပ်(၅၀၀)၊ မုန်လာဥဖြူ(ဥကြီး) တစ်ဥလျှင် ကျပ်(၂၀၀)၊ ယခင်ဖေဖော်ဝါရီလ(စတုတ္ထပတ်)ပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက မုန်လာဥဖြူ (ဥကြီး)တစ်ဥလျှင် ကျပ် (၂၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှု အနည်းငယ်လျော့နည်းပြီး ဝယ်ယူစားသုံးမှုများ၍ အနည်းငယ်မြင့်တက်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)