Main menu

သရက်မြို့၌ အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်ခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ရီရီထွေးသည် သရက်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၆-၃-၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံး၌ စားသုံးသူများ ဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေး၊ စားသုံးသူ အကာအကွယ်ပေးရေးတို့အတွက်  အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ဇာခြည်လွင်မှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ခေါင်းစဥ်နှင့် ယခု၂၀၂၅ခုနှစ် ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့၏ ဆောင်ပုဒ်အကြောင်းများ မေးမြန်းရာတွင် မိမိတို့ စားသုံးသူရေးရာဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို မတ်လ(၁၅)ရက်နေ့တွင် နှစ်စဥ်ကျင်းပလျက်ရှိရာ  ၂၀၂၅ခုနှစ် ဆောင်ပုဒ်ဖြစ်သည့် “လူနေမှုဘဝ အစဥ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့” ခေါင်းစဥ်သည် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ (Consumer International- CI)မှ သတ်မှတ်ထားသော ဆောင်ပုဒ်တစ်ခုဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းထားသည့် စားသုံးသူ အခွင့်အရေးများကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင် ခွင့်ရှိခြင်း၊ တိုင်း/ပြည်နယ်/ခရိုင်စသည့် စားသုံးသူရေးရာဦးစီးဌာနရုံးများတွင်လည်း စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားရှိပြီး နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ ဆောင်ပုဒ်နှင့်အညီ လူနေမှုအစဥ်တည်တံ့ဖို့ မျှတအသွင်ကူးပြောင်းစို့ ဖြစ်စေရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရန်အတွက် မိမိထုတ်လုပ်ရောင်းချသည့် ကုန်စည်များတွင်လည်း ကုန်အညွှန်းအမှတ်အသားများနှင့် ဝန်ဆောင်မှုများအား သတင်းအချက်အလက် အခိုင်အမာပေးရန် လိုအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)