Main menu

“(မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်း ဘေးအန္တရာယ်ဖြစ်စေသော တိုင်းရင်းဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါသည်။ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၈  ရက်နေ့ (၁၀း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်အတွင်း မြို့နယ်များရှိ တိုင်းရင်းဆေးရောင်းချသည့်ဆေးဆိုင်များသို့ သွားရောက်၍ ရသေ့ဆေး(သို့) ထိုင်းတိုင်းရင်းဆေးများ ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင်  “ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေး ”သည် အကိုက်ခဲပေါင်းစုံပျောက်သည်ဟုဆိုကာ ကြောငြာရောင်းချလျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိသည့်ဆေးအဖြစ် ထုတ်ပြန်ထားကြောင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာနသို့ အကြောင်းကြားညှိနှိုင်းခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှလည်း အဆိုပါ ဗိန်းတောဆေးသည် မြန်မာနိုင်ငံတွင်လည်း တရားဝင်မှတ်ပုံထားခြင်းမရှိကြောင်းနှင့် ဘေးအန္တရာယ်ဖြစ်စေသည့် တိုင်းရင်း‌ဆေးဝါးဖြစ်ကြောင်း၊ စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေသော ပစ္စည်းများ တရားမဝင်တင်သွင်းရောင်းချခြင်းဖြစ်သဖြင့် စားသုံးသူနစ်နာမှုများရှိခြင်းကြောင့် ရောင်းချရန်မသင့်ကြောင်း၊ ရောင်းချပါက ဥပ‌ဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း တိုင်းရင်းဆေးရောင်းချသည့် ဆေးဆိုင်များသို့ ရှင်းလင်းပြောကြားခဲ့ပါသည်။ (မိတ္ထီလာ/ရမည်းသင်း)ခရိုင် အတွင်း “ ရသေ့ဆေး(သို့)ထိုင်းတိုင်းရင်းဆေး ”များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။

DOCA(မန္တလေး)