Main menu

ကံမမြို့၌ ဆန်လက်လီ၊ လက်ကားအရောင်းဆိုင်များအားအသိပညာပေး

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၇.၃.၂၀၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကံမမြို့ပေါ်၌ ဆန်ရောင်းချနေသော လက်လီ/ လက်ကား အရောင်းဆိုင်(၆)ဆိုင်သို့ ၂၀၂၅ခုနှစ်၊ မတ်လအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချစေရေး အသိပညာပေးခြင်း ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ဆန်ရောင်းချနေသော လက်လီလက်ကား အရောင်း ဆိုင်ပိုင်ရှင်များအား MRFမှ သတ်မှတ်ထုတ်ပြန်ထားသည့် ၂၀၂၅ခုနှစ်၊ မတ်လအတွက် ဈေးနှုန်းများအတိုင်း လိုက်နာရောင်းချစေရေးနှင့် စားသုံးသူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများထက်မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် အများပြည်သူများသို့ ရောင်းချစေရေး အသိပညာပေးပြောကြားခဲ့ပြီး ရောင်းချသည့် ဈေးနှုန်းများမှာ သတ်မှတ်ဈေးနှုန်းများထက် မြှင့်တင်ရောင်းချမှုမရှိပါကြောင်းနှင့် လက်ကျန်စာရင်းများ ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

နွဲ့ယဉ်ဝင်း(ကံမ)