Main menu

ကံမမြို့၌ အသိပညာပေး(Talk Show)ဟောပြောပွဲဆောင်ရွက်

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၇-၃-၂၀၂၅)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ကံမမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး Talk Show ဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအရ ရရှိနိုင်သည့်အခွင့်အရေးများ၊ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်းအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ နစ်နာဆုံးရှုံးမှု များရှိခဲ့ပါက ဆက်သွယ်တိုင်ကြားနိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ (၃)သို့လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် သရက်ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် လက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြား နိုင်ကြောင်း စားသုံးသူပြည်သူများသိရှိစေရန် အသိပညာပေး Talk Show ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)