
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၇-၃-၂၀၂၅)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် ကံမမြို့ မြို့မစည်ပင်သာယာဈေးရှိ ဈေးတာဝန်ခံရုံး၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်တို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား အသိပညာပေးဟောပြော ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူမှ စားသုံးသူပြည်သူများ လိုက်နာဆောင်ရွက်ရမည့် အသည်းရောင်အသားဝါ(A) ရောဂါ ကြိုတင်ကာကွယ်ရေး အကြောင်းအရာ များအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချရာတွင် လိုက်နာရမည့် တာဝန်များအကြောင်းနှင့် စည်းမျဥ်းစည်းကမ်းများအကြောင်းအား အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက ဆက်သွယ်တိုင်ကြား နိုင်သည့် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline (1535)သို့ နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ရုံးတွင် လိုင်းခွဲ (၃)သို့လည်းကောင်း ပြည်တွင်းမှ မည်သည့်ဖုန်းနံပါတ်များမဆို ဆက်သွယ်တိုင်ကြားလျှင် တိုက်ရိုက်တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်များသို့ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် သရက်ခရိုင်ဦးစီးမှူးရုံး စားသုံးသူရေးရာဦးစီးဌာနတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာ (CICC) ၂၀၂၅ခုနှစ်၊ မတ်လမှစတင်ဖွင့်လှစ်ထားရှိပြီး ဆက်သွယ်တိုင်ကြားနိုင်ကြောင်း တက်ရောက်လာသည့် စားသုံးသူပြည်သူ (၁၁)ဦးအား အသေးစိတ်ရှင်းလင်းပြောကြားပြီး ဥပဒေ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)