Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ကြက်သွန်နီဈေးနှုန်းများကျဆင်းလျက်ရှိ

Powered by Drupal

           မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်နီကို မင်းလှမြို့ နယ်အတွင်းရှိ ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့နှင့် သရက်မြို့တို့မှ မှာယူရောင်းချကြကြောင်း သိရသည်။

           ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ဥအကြီး၊ အသေး အလိုက် ကျပ်(၂၀၀၀-၂၅၀၀-၃၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ် (၂၅၀၀-၃၀၀၀-၃၅၀၀) ဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ကျေးရွာများရှိ ကြက်သွန်နီစိုက်ခင်းများ၌ ကြက်သွန်နီသစ်များ လှိုင်လှိုင်တူးဖော်လျက်ရှိသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရခြင်းဖြစ်ကြောင်း ဇေယျာသီရိဈေးအတွင်းရှိ ကြက်သွန်နီရောင်းချသည့် ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)