Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေး၌ ခရမ်းချဉ်သီး(ထိုင်ဝမ်)မျိုးကို ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်းကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မတ်လ(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် အလုံးအကြီး အသေးအလိုက် ကျပ်(၇၀၀-၈၀၀)၊ ဗမာခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၉၀၀-၁၀၀၀)၊ ဗမာ ခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ်(၁၀၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ထိုင်ဝမ်ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၀၀-၂၀၀)၊ ဗမာခရမ်းချဉ်သီး (၁)ပိဿာလျှင် ကျပ် (၃၀၀-၄၀၀)ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ခရမ်းချဉ်သီးစိုက်ခင်းများမှာ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းများမှာ တရိပ်ရိပ်ကျဆင်းလာရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)