Main menu

“မိတ္ထီလာခရိုင်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ်၊ လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို မိတ္ထီလာမြို့နယ်အတွင်းရှိ Danko(1၊2၊3)နှင့် Max Myanmar (1၊3) ဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် စျေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှု ရှိရမည်ဖြစ်ကြောင်း၊  အရည်အသွးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်ဆီ၊ ချောဆီများကိုသာ တင်သွင်း၊ဖြန့်ဖြူးရောင်းချရစေလိုကြောင်း ၊သတ်မှတ်ချက်နှင့်မကိုက်ညီသော ပစ္စည်းများဖြစ်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်သုံးဆီများကို ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောင်းချပေးစေလိုကြောင်း၊  အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆီဆိုင် များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချမှုရှိပြီး၊ အချိန်အတွယ် ၊လီတာ၊ ဂါလံများကိုလည်း  (၂၀) လီတာစံဝင်ခွက်ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)