Main menu

ဘိုကလေးမြို့ “သုခ” သုံးထောင့်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရေး ကွင်းဆင်းစိစစ်

Powered by Drupal

          ဘိုကလေးမြို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  ၂၀၂၅ ခုနှစ် (၁၀)ရက်နေ့တွင် (၁၇)ရပ်ကွက် ဒုတိယလမ်းရှိ “သုခ” သုံးထောင်မုန့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ“သုခ” အမှတ်တံဆိပ် သုံးထောင်မုန့်လုပ်ငန်းမှာ ကုန်အညွှန်းအမှတ်အသားဖြင့် ထုတ်လုပ်လျက်ရှိကြောင်း၊  ဂျုံ၊ သကြား၊ ဆီ၊ ရေသန့်၊ ကြက်ဥ၊ နို့၊ ဆား၊ ထောပတ်များပါဝင်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူးအရေအတွက် (၁၅၀)ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ဒေသတွင်းသာမက မအူပင်၊ ဝါးခယ်မ၊ ဖျာပုံဒေသများပါ ဖြန့်ဖြူးရောင်းချလျက်ရှိနေပါသည်။ လုပ်သားအင်အား (၆)ဦးရှိပြီး တစ်ဦးလျှင် လုပ်သားခတစ်သိန်းခွဲ/နှစ်သိန်းကျပ်ဖြင့် အသီးသီးပေးအပ် လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရသည်။ ထို့နောက် မြို့နယ်တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်းပြောကြားခြင်းနှင့် Online မှ ဖြန့်ဖြူးရောင်းချလျှင် Online မှတ်ပုံတင် ထားရှိရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)