Main menu

ဘိုကလေးမြို့နယ် (၅)ရပ်ကွက်ရှိ ပြည်သူများအား Online စနစ်ဖြင့် ရောင်းချခြင်း အသိပညာပေးဟောပြော

Powered by Drupal

          ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်  မတ်လ (၁၁)ရက်နေ့တွင် (၃)ရပ်ကွက်ပြည်သူ(၁၈)ဦးအား (၅)ရပ်ကွက် ဘုရားတန်ဆောင်းတွင် Online စနစ်ဖြင့် ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့ပါသည်။

          ထိုအသိပညာပေးပွဲတွင် online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၌ အလှကုန်များ ဆေးဝါးများ လူအသုံးအဆောင်ပစ္စည်း အစားအသောက်ပစ္စည်းများ ကုန်စည်နှင့် ပတ်သက်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ထိုလုပ်ငန်း မှတ်ပုံတင်ဆောင်ရွက်ရာတွင် eComreg System တွင် မှတ်ပုံတင်၍ လျှောက်ထားနိုင်ပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်သွယ်ရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှတ်ပုံတင်ကြေးအနေဖြင့် online application  အတွက် ဖောင်ကြေး  မှတ်ပုံတင် လက်မှတ်ကြေး၊ သက်တမ်းတိုးကြေး၊ ပြင်ဆင်ကြေး အဆင့်လေးဆင့် ခွဲခြားထားပါသည်။ ကုန်သွယ်ရေးဦးစီးဌာနမှ Certificate မှတ်ပုံတင်လက်မှတ် online မှ ပြန်ပေးသွားမည်ဖြစ်ကြောင်း online တွင် မှတ်ပုံတင်ဆောင်ရွက် ထားခြင်းမရှိပါက အရေးကြီးကုန်စည်ဥပဒေအရ  ကုန်သွယ်ရေးဦးစီးဌာနမှ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် online စနစ်မှ မှတ်ပုံတင်ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)