Main menu

ချယ်ရီငါးရံ့ခြောက်ဖုတ်လုပ်ငန်းသို့ MSME ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁)ရက်နေ့တွင် ကျိုက်လတ်မြို့ အမှတ်(၅)ရက်ကွက်ရှိ ချယ်ရီငါးရံ့ခြောက်ဖုတ် လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်ပုံအဆင့်ဆင့်  အလုပ်သမားခန့်ထားမှု့ ရောင်းဝယ်ဖောက်ကားမှု့ အခြေအနေများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထို့နောက် ထုတ်လုပ်သော ကုန်စည်များနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ (၄၁)(၄၃)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်သွားရန်နှင့် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရန် စနစ်တကျစွန့်ပစ်သွားရန် မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။