Main menu

ဇလွန်မြို့နယ်တွင် အသင့်ကင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

             စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၃.၂၀၂၅)ရက်နေ့ နေ့လယ် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်နှင့်လမ်းမတော်(မ)ရပ်ကွက်ရှိ စတိုးဆိုင်နှင့် ကုန်မျိုးစုံအရောင်းဆိုင်များတွင် အသင့်ကင် CP ကြက်အူချောင်း၊ ဝက်အူချောင်းများ ရောင်းချမှုအခြေအနေအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းခဲ့ရာ ဇလွန်မြို့နယ်အတွင်း စတိုးဆိုင်နှင့် ကုန်မျိုးစုံဆိုင်များတွင် CP ကြက်အူ ချောင်းများသာရောင်းချလျက်ရှိပြီး၊ CP ဝက်အူချောင်းများရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။  CP ကုမ္ပဏီမှ ရောင်းချလျက်ရှိသည့် ကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားပြီး၊ သက်ဆိုင်ရာ FDA ထောက်ခံချက် ရရှိထားကြောင်း၊ ကုန်ပစ္စည်းများကို ရန်ကုန်မြို့မှ မှာယူရောင်းချပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)