
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၀.၃.၂၀၂၅)ရက်နေ့ နံနက်(၀၉:၄၅) နာရီအချိန်တွင် အင်္ဂပူမြို့၊ ဗိုလ်အောင်ကျော်စည်ပင်ဈေး၊ ဈေးခေါင်းရုံး၌ စားအုန်းဆီလက္ကားရောင်းချ သူများနှင့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ လုပ်ကိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူများကို ခွဲခြားမှုမရှိဘဲမှန်ကန်စွာ ဆက်ဆံခြင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်း၊အရည်အသွေးများအပေါ်အခြေခံ၍ အာမခံချက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည်များကို မေးမြန်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)