
စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၃.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌အွန်လိုင်းမှတ်ပုံတင်လက်မှတ်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ပါက အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင် လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် လူပုဂ္ဂိုလ်ဖြစ်ပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းအခြေချနေထိုင်လျက်ရှိပြီးအသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်။ထုတ်ပြန်ချက်ပါသတ်မှတ်ချက် များကို လိုက်နာနိုင်သူ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာကို တင်ပြနိုင်သူ၊ အစိုးရအဖွဲ့အစည်း တရပ်ရပ်က အမည် ပျက် ကြေညာထားသော ပုဂ္ဂိုလ်များ မဖြစ်ရဟု ဖော်ပြထားပါသည်။ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ဖွဲ့စည်းတည် ထောင်ထား သော၊ကိုယ်ပိုင်သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဘ်ဆိုဒ်ရရှိထားပြီး အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မည့်နေရာတင်ပြနိုင်သောအဖွဲ့အစည်းဖြစ်ရပါမည်။ မှတ်ပုံတင်လက်မှတ် လျှောက်ထားရာတွင် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက အဖွဲ့အစည်းရှိ တာဝန်ခံပုဂ္ဂိုလ် ၏ ရောင်စုံဓါတ်ပုံ၊ လူပုဂ္ဂိုလ် ဖြစ်ပါက ယင်းပုဂ္ဂိုလ်၏ ရောင်စုံဓါတ်ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ လုပ်ငန်းအမှန်တကယ်တည်ရှိကြောင်း သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့မဟုတ်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအမျိုးအစားစာရင်း၊ အချက်အလက်နှင့်အာမခံချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ မည်သည့်နိုင်ငံ မှ တင်သွင်းကြောင်း သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်ကြောင်း ဖော်ပြထားသည့်အချက်အလက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက ခွင့်ပြုထားသော အထောက်အထားများရှိပါက ယင်းတို့နှင့်စပ်လျဉ်းသည့် အထောက်အထားများပါပူးတွဲ တင်ပြ၍ အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဟု ဖော်ပြထားကြောင်း အသိပညာပေး ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)