Main menu

ကမ္ဘောဒီးယားနိုင်ငံနှင့်ကုန်သွယ်မှုတိုးမြှင်ရန် စင်္ကာပူနိုင်ငံ ကတိပြု

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး Teo Lay Cheng က ကမ္ဘောဒီးယား နိုင်ငံနှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် အထက် လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ၁၁-၃-၂၀၂၅ ရက်နေ့က တွေ့ဆုံစဥ် ကတိပြုခဲ့ကြသည်။ Teo Lay Cheng က နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်မှုတို့ကို ပိုမိုမြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံတွင် စင်္ကာပူရင်းနှီးမြှုပ်နှံသူများ ပိုမိုရင်းနှီးမြှုပ်နှံရန် ဆက်လက်အားပေးသွားမည်ဟု အထက်လွှတ်တော်၊ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith မှ ပြောကြားခဲ့သည်။ တွေ့ဆုံစဥ် နှစ်ဖက်လုံးမှ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အတွင်း သိသာထင်ရှားသော ဈေးကွက်အလားအလာများနှင့် ဒေသတွင်းကုန်သွယ်မှုကို ဦးစားပေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။ Hun Sen က စင်္ကာပူ-ကမ္ဘောဒီးယားဆက်ဆံရေး တည်ငြိမ်မှုကိုအလေးပေးပြောကြားခဲ့ပြီး လက်ရှိနှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ရှိကြောင်းနှင့် ကမ္ဘောဒီးယားနှင့် စင်္ကာပူကြား တိုက်ရိုက်လေကြောင်း ခရီးစဥ်များတိုးမြင့်လာမှုများကိုလည်းကျေးဇူတင်ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ နှစ်နိုင်ငံလုံးသည် ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ လယ်ယာထွက် ပစ္စည်းကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့်နယ်ပယ်များတွင် တိုးချဲ့ကြရန် သဘောတူ ညီချက်များ လက်မှတ်ရေးထိုးခဲ့ကြသည်။   

DOCA(ရန်ကုန်)