Main menu

ဈေးကွက်အတွင်းရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

(၁၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၄၀) အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် ရွှေပြည်သာမြို့နယ်အတွင်းရှိ Orange Supermarket တွင် ကလေးကစား စရာအရုပ်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် Orange Supermarket မှ ဒေါ်ခင်မာနွေ စတိုမန်နေဂျာမှ ပူးပေါင်းပါဝင်လျက် ကလေးကစားစရာအရုပ်အမျိုးမျိုးဖြစ်သော SF, City Police, City Sanitation, Animal Worlds Combat, Speedy Truck, Fashion personality ပစ္စည်း အမျိုးမျိုးတို့တွင် စားသုံးသူ ကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)တွင် ပြဌာန်း ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ဆိုင်ရာအချက်များနှင့်ကိုက်ညီမှုရှိပြီး ကလေးကစားစရာ အရုပ်တွင် မဖြစ်မနေဖော်ပြရမည့် သုံးစွဲပုံ နည်းလမ်းနှင့်ဓါတ်မတည့်ကြောင်း ဖော်ပြချက်/ ကြိုတင်သတိပေးချက်များ ပြည့်စုံစွာဖော်ပြထားကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါ သည်။

DOCA(ရန်ကုန်)