
(၁၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးနှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးနှင့်အတူ အင်းစိန်မြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အင်းစိန်ဈေးအတွင်းရှိ ဦးစိန်မြင့် စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆိုင်ရှင်များအနေဖြင့်သက်ဆိုင်ရာဌာနများမှ ထုတ်ထားသည့် အမိန့်/ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချပေးရန်၊ ရရှိသောခွဲတမ်း များကိုလည်း သတ်မှတ်စည်းမျဥ်း စည်းကမ်းများနှင့်အညီ စနစ်တကျပြန်လည်ရောင်းချရန်၊ သတ်မှတ်ရက်များတွင် လာရောက်ထုတ် ရမည်စားသုံးသူများအားလည်း မှန်ကန်စွာရောင်းချ ပေးရန်နှင့် နေ့စဥ်လက်ကျန်များမထားရှိရန် လက်ကျန်များထားရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)