
(၁၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦးနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ (၁)ဦးတို့ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ်ဖြစ်သော အကယ်ဒမီထိပ်တန်း ဆိုင်ပိုင်ရှင်ဦးညွန့်ဝင်းမှ မိမိတို့ရရှိသောခွဲတမ်းများအား ရပ်ကွက်အလိုက် နေ့စဥ် နေ့လည်(၁) နာရီမှ ညနေ(၅) နာရီအထိ စာအုပ်စနစ်ဖြင့် အိမ်ထောင်တစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁) ပတ်လျှင် (၁)ကြိမ်၊ (၁)လကို (၄)ကြိမ် ပုံမှန်ရောင်းချပေးခဲ့ပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စားလှယ်များက သတ်မှတ်ပေးသော ဈေးနှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ အလေးချိန်ကိုလည်း မှန်ကန်စွာချိန်တွယ် ပေးပါကြောင်း၊ ရောင်းချရာတွင်လည်း လက်ခံ စာအုပ်များတွင် နေ့စဥ်အရောင်းစာရင်းရေးသွင်းထား ပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းချပေးရန်နှင့် သိုလှောင်ထားခြင်းရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါ သည်။
DOCA(ရန်ကုန်)