
(၁၁.၃.၂၀၂၅)ရက်နေ့ နံနက်(၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုး နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်ဦးထွန်းဇော်သောင်းတို့ ပူးပေါင်းပါဝင်လျက် လှိုင်သာယာ(အနောက်) မြို့နယ်ရှိ လက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီကိုယ်စားလှယ် ဦးမောင်လှမှ မိမိရရှိသောခွဲတမ်းများ သည် GD Good Golden Trading Co.,Ltd မှရရှိပြီး ပြည်သူများသို့ နေ့စဉ်ပုံမှန်ရပ်ကွက်အလိုက် စာအုပ်စနစ်ဖြင့် ရောင်းချပေးပါကြောင်း၊ အများမြင်သာအောင် ဈေးနှုန်း Vinyl ဖြင့် ချိတ်ဆွဲ ထားပါကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ဌာနများက ထုတ်ပြန် ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)