
အီရတ်နိုင်ငံခြားရေးဝန်ကြီး Fuad Hussein သည် လျှပ်စစ်၊ သဘာဝဓာတ်ငွေ့နှင့် ရေနံကဏ္ဍ များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်အတွက် တူရကီစွမ်းအင်နှင့် သဘာဝအရင်း အမြစ်ဝန်ကြီး Alparslan Bayraktar နှင့် မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံခဲ့သည်။ အီရတ်နိုင်ငံခြား ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ အရာရှိများသည် အီရတ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် တူရကီကုမ္ပဏီများကိုအားပေးရန် နည်းလမ်းများကိုရှာဖွေခဲ့ ကြသည်။ ရာသီအလိုက် ပြတ်တောက်မှုများကိုဖြေရှင်းရန်အတွက် တူရကီသည် အီရတ်နှင့် လျှပ်စစ် ဓာတ်အားရရှိရေး အလားအလာများကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သောနည်းပညာပိုင်းဆိုင်ရာ ပြင်ဆင် မှုများကို တတ်နိုင်သမျှအမြန်ဆုံးပြီးမြောက်စေခြင်းဖြင့် လျှပ်စစ်ဓာတ်အားချိတ်ဆက်မှုစီမံ ကိန်းကို အရှိန်မြှင့်လုပ်ဆောင်ရန် အရေးကြီးကြောင်း အလေးပေးပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ အီရတ်နိုင်ငံ၏ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသနှင့် မိုဆူးလ်မြို့ ၏ စွမ်းအင်လိုအပ်ချက် တစ်စိတ်တစ်ပိုင်းကို ဖြည့်ဆည်းပေးမည့် တူရကီမှအီရတ်သို့ ပေးမည့် လျှပ်စစ်ဓာတ်အား ပမာဏ နှစ်ဆတိုးရန် နှစ်ဖက်သဘောတူခဲ့ကြောင်း သိရသည်။ ယခုလ အစော ပိုင်းတွင် အမေရိကန်သည် တီဟီရန်အပေါ် ၎င်း၏အမြင့်ဆုံးဖိအားပေးလှုံ့ဆော်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဘဂ္ဂဒက်မှလျှပ်စစ်ဓာတ်အားဝယ်ယူမှုအားရပ်တန့်ခဲ့သည်။ ဆယ်စုနှစ် များစွာကြာ ပဋိပက္ခများ ကြောင့် အီရတ်နိုင်ငံသည် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ရေနံကြွယ်ဝ သော်လည်း နိုင်ငံသည် ၎င်း၏လျှပ်စစ်ဓာတ်အားလိုင်းအတွက် အီရန်မှဓာတ်ငွေ့ တင်သွင်းမှုအပေါ် အကြီးအကျယ် မှီခိုနေရဆဲဖြစ်သည်။
DOCA(ရန်ကုန်)