
သီရိလင်္ကာနိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ၃၃.၁ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၃၂.၃ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ ဗဟိုဘဏ်၏ သောကြာနေ့ကဖြန့်ဝေသည့် စိုက်ပျိုးရေးဆိုင်ရာ အချက်အလက် စာစောင်တွင် ဖော်ပြထားသည်။ ကုန်းတွင်းငါးဖမ်းလုပ်ငန်းများ ကျဆင်းမှုကြောင့် ဒီဇင်ဘာလ တွင် ငါးထုတ်လုပ်မှု ၁၂.၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇင်ဘာလတွင် လက်ဖက်ထုတ်လုပ်မှု ၉ .၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ၁၄.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ရော်ဘာထုတ်လုပ်မှု သည် ၂၀၂၄ ဒီဇင်ဘာတွင် ၃၂.၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၅ ဇန်နဝါရီတွင် ကျဆင်းသွား ကြောင်း ဗဟိုဘဏ်ကပြောသည်။ ၂၀၂၄ ခုနှစ် စတုတ္ထသုံးလပတ်တွင် သီရိလင်္ကာနိုင်ငံ၏ လုပ်သားအင်အား၏ ၂၅ ရာခိုင်နှုန်းကို စိုက်ပျိုးရေးကဏ္ဍတွင် အလုပ်ခန့်ထားကြောင်း သိရသည်။ လက်ဖက်၊ ရော်ဘာနှင့် အုန်းသီးသည် သီရိလင်္ကာ၏ အဓိက ပို့ကုန် သီးနှံသုံးမျိုးဖြစ်သည်။ သို့သော် အုန်းသီးအများစုကို ပြည်တွင်း၌ စားသုံးကြကြောင်းသိရသည်။
DOCA(ရန်ကုန်)