Main menu

ဘားအံဒေသထွက် သကြားပြောင်းဖူးဈေးနှုန်း

Powered by Drupal

ဘားအံမြို့၊ မတ် လ ၁၇ ရက်

          ၂၀၂၅ခုနှစ် မတ်လ တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြားပြောင်းဖူးများ ဈေးအနည်းငယ်ကျလျက်ရှိကြောင်းသိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံသကြား ပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြသည်။ သကြားပြောင်းကို ပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြင့်လည်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်လ သကြား ပြောင်းဈေးနှုန်းမှာ (၁)ဖူးလျှင် (၄၀၀/၅၀၀)ကျပ်၊ (၁၀)ဖူးလျှင် (၃၅၀၀/၄၅၀၀)ကျပ်နှင့် ယခုလ သကြား ဈေးနှုန်းမှာ (၁)ဖူးလျှင် (၂၅၀)ကျပ်၊ (၁၀)ဖူးလျှင် (၂၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

DOCA(ကရင်)