
ဘားအံမြို့၊ မတ် လ ၁၇ ရက်
ကရင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ တတိယအပတ်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိသော ဒေသထွက် ပဲမျိုးစုံ ၏ ဈေးနှုန်း ဈေးကွက် အခြေအနေများကို ဘားအံမြို့၊ စမ်းသီတာ (ပဲရောင်းဝယ်ရေးလုပ်ငန်း) သို့ ကွင်းဆင်းလေ့လာ မေးမြန်းခဲ့ပါသည်။ ဈေးနှုန်းအနေဖြင့် ပဲလွန်းဖြူ ၁ ပိဿာလျှင် ၄၂၀၀ကျပ်၊ ပဲလွန်းကြား ၁ပိဿာလျှင် ၄၂၀၀ကျပ်၊ ပဲထောပတ် ၁ပိဿာလျှင် ၆၅၀၀ကျပ် ၊ ပဲကတ္တီပါ ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ ပဲကြီး ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ ပဲတီစိမ်း ၁ပိဿာလျှင် ၅၄၀၀ကျပ်၊ မတ်ပဲ ၁ပိဿာလျှင် ၅၅၀၀ကျပ်၊ ပဲပုတ် ၁ပိဿာလျှင် ၆၅၀၀ကျပ်၊ မြေပဲနီစံ ၁ပိဿာလျှင် ၉၅၀၀ကျပ်၊ ကိုင်းနှမ်း ၁ပိဿာလျှင် ၁၆၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရပါသည်။
DOCA(ကရင်)