Main menu

၂၀၂၅ခုနှစ်၏ ရဲကျွန်း(ခေါ်)မင်းတုန်း ကြက်သွန်နီ‌ဈေး

Powered by Drupal

          ကြက်သွန်မျိုးစိတ်အများအပြားရှိသည့်အထဲတွင် ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်နီများကို ဈေးများတွင် အလွယ် တကူဝယ်ယူ၍ ရသော်လည်း မင်းတုန်းကြက်သွန်နီသည် တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန် တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက်ဆောင်း ကြက်သွန်နီဖြစ်သောကြောင့် နှစ်ပေါက် အထားခံသောကြက်သွန်ဖြစ်ပါသည်။ မင်းတုန်းကြက်သွန်နီဈေးနှုန်းအနေဖြင့် ယခင်နှစ်တွင် တစ် ပိဿာကို (၃၀၀၀)ကျပ်၊ အထုံးတစ်ထုံးလျှင် (၃၀၀)ကျပ်နှုန်း ရောင်းချခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာကို (၆၀၀၀)ကျပ်နှုန်းရောင်းချပြီး အထုံးတစ်ထုံးကို (၆၀၀)ကျပ်နှုန်း ရောင်းချကြောင်း သိရှိရပါသည်။ ယခင်နှစ်ထက် ဈေးအနည်းငယ်မြင့်တက်ကြောင်းသိရပါသည်။

DOCA(ပဲခူး)