Main menu

ပြည်ဈေးကွက်ရဲ့ခရမ်းဖြူသီး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ခရမ်းဖြူသီး(ခ) ခရမ်းမီးအုံးသီး များကို စီးပွားဖြစ်စိုက်ပျိုးသောကြောင့် အများအပြားထွက်ရှိသော ဒေသများဖြစ်ပါသည်။ ထွက်ရှိ လာသော ခရမ်းဖြူသီးများကို ဒေသတွင်းရောင်းချသည့် အပြင်ရန်ကုန်သို့လည်း တင်ပို့ရောင်း ချကြောင်း သိရပါသည်။ ယခုအချိန်သည် ရာသီစာသီးနှံ တစ်မျိုးဖြစ်သည့် ခရမ်းဖြူသီး (ခ)ခရမ်းမီးအုံးသီးကို ချက်၍စားသည့်အပြင် နှပ်စား၊ မီးဖုတ်ပြီး သုတ်စားလို့လည်းရပါသည်။ ရာသီစာဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိပါသည်။ ခရမ်းဖြူသီး(ခ)မီးအုံးသီး အကြီး တစ်လုံးလျှင် (၁၀၀၀-၁၂၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၈၀၀-၇၀၀)ကျပ်နှင့် အသေးတစ်လုံးလျှင် (၅၀၀-၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)