
ပြည်ဈေးကွက်သို့ ဆောင်းပဲတီစိမ်းသစ်များ အောက်တိုဘာလကုန်ပတ်တွင် စတင်ဝင်ရောက် လာခဲ့ပြီး ယခုနှစ်ဆန်းပိုင်းမှာတော့ ပြည်အနီးတဝိုက်နှင့် မင်းတုန်း၊ ကံမ ဖက်မှ ဝင်ရောက်မှုများ ရှိသော်လည်း အိတ်အနည်းငယ်သာ ဝင်ရောက်ခဲ့သည့်အတွက် နေ့စဉ်အရောင်းအဝယ်မဖြစ်ဘြ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်ရက်တွင် အိတ်(၂၀၀)ကျော်ရောင်းချခဲ့ကြပါသည်။ ပဲဈေးနှုန်းအနေဖြင့်ပိဿာ(၂၀)၊ တစ်တင်း(၉၉၀၀၀)ကျပ်မှ ()ကျပ်ထိ ဈေးမြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ပဲသစ်ပေါ်စ အချိန်က တစ်တင်းကျပ် (၇၀၀၀၀) ဝန်းကျင်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက် ပဲဈေးကွက်မှာ အခြားပဲများနှင့် ယှဉ်လျှင် ဈေးနိမ့်နေခဲ့ကာ ယခုကာလနှစ်ဆန်းပိုင်းမှာ အခြားပြည်ပဝယ်လက်ပဲများ၏ ဈေးနှုန်းနည်းတူ ဈေးရရှိလာခဲ့ပါသည်။
DOCA(ပဲခူး)