Main menu

တောင်ငူမြို့တွင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပန်းဂေါ်ဖီ၊ သခွားသီး နှင့် ဂေါ်ဖီစျေးကျ

Powered by Drupal

          တောင်ငူမြို့ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး (ဒေသသီး)မှာ ယခင်လက ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၈၀၀ ကျပ်အထိ စျေးနှုန်းကျဆင်းသွားပါသည်။    

သခွားသီးမှာ ယခင်လက ၂၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၈၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ ဂေါ်ဖီမှာ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။ ပန်းဂေါ်ဖီပွင့် စျေးနှုန်းအနေဖြင့် အပွင့်ကြီး တစ်ပွင့်လျှင် ၁၀၀၀ ကျပ် ဖြစ်ပြီး၊ အပွင့်အသေး တစ်ပွင့်လျှင် ၈၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

ခရမ်းသီးအညိုမှာ ယခင်လက တစ်ပိဿာလျှင် ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၂၀၀၀ ကျပ်၊ ခရမ်းသီးအဖြူမှာ ယခင်လက ၁၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၁၂၀၀ ကျပ်၊ ခရမ်းသီးအဝိုင်းမှာ ယခင်လက တစ်ပိဿာလျှင် ၃၅၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် ၃၀၀၀ ကျပ် အထိ ဈေးနှုန်း ကျဆင်း သွားပါသည်။

          ဒေသတွင်းစိုက်ပျိုးသည့် ဒေသထွက်အသီးအနှံများဖြစ်ပြီး လတ်ဆတ်သည့်အပြင် စျေးနှုန်း လည်းချိုသာသဖြင့် အ‌ရောင်းအဝယ်ကောင်းကြောင်း ညောင်ပင်စျေးရှိ ဟင်းသီးဟင်းရွက် အ‌ရောင်းဆိုင် များမှ သိရပါသည်။

DOCA(ပဲခူး)