Main menu

ပြည်ကုန်စည်ဒိုင်၏ မတ်လဒုတိယပတ် ပဲမျိုးစုံဈေးနှုန်းဈေးကွက်

Powered by Drupal

ပြည်ကုန်စည်ဒိုင်သည်လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသော မြို့ဖြစ်၍ ပဲမျိုးစုံ အရောင်း အဝယ်သွက်လျက်ရှိပါသည်။ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

          မတ်လဒုတိယပတ်တွင် မတ်ပဲအသစ်များအဝင်ရှိပြီး ကုန်းပဲနှင့် လယ်ပဲများပါ အဝင်ရှိနေ ပါသည်။ မတ်ပဲ(ကုန်းပဲ) တစ်တင်းလျှင် ၉၂၅၀၀-၉၃၀၀၀ကျပ်၊ မတ်ပဲ (လယ်ပဲ)တစ်တင်းလျှင် ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ ပဲစင်းငုံ(သစ်) တစ်တင်းကို ၉၂၅၀၀-၉၃၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တင်ပို့မှု (၂၅၀)ခန့်ရှိပါသည်။

          ကုလားပဲ(HL) တစ်တင်းကို ၈၀၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲ စက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် ၃၀၀ခန့်ရှိပါသည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို ၈၁၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၇၆၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို ၇၃၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀-၁၅၀ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်နှင့်ပဲဟောင်း (၂)မျိုးစလုံးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)